(၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

နတ်တလင်း    ဖေဖော်ဝါရီ    ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့မရပ်ကွက် မြို့မကျောင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြို့ကျောင်းလမ်း ကွန်ကရစ်လမ်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်မှ ကွန်ကရစ်လမ်းခင်းခြင်း အခြေအနေနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြို့မကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံ ငွေ (GRF) (၂၇ ဒသမ ၁သန်း) ဖြင့် တင်ဒါအောင်မြင်သော ဘုန်းသန့်နိုင် ကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ခဲ့ပြီး မူလကတ္တရာလမ်း တစ်ဖက်ချက်စီမှ ၁၀ ပေစီ တိုးချဲ့၍ အတိုင်းအတာမှာ (အလျား ၅၅၅ ပေ × အနံ ၁၀‌ ပေ × ထု ၈လက်မ) ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်ထံမှ သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)