မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် စကျင်ကျောက်ပြားခင်းကျင်းနိုင်ရေး လုပ်အားပေးပြည်သူများ စတုဒီသာဖြင့်ဧည့်ခံကျွေးမွေး

မော်လမြိုင်     ဖေဖော်ဝါရီ     ၂

မော်လမြိုင်မြို့၊ ကျက်သရေဆောင်သမိုင်းဝင် ကျိုက်သလ္လံစေတီ​တော်မြတ်ကြီးတွင်ကို ဗစ်-၁၉ အလွန် ကာလများ၌ ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူနိုင်ကြရေးအတွက် ယနေ့နံနက်၉နာရီခွဲကဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်ပြည်သူများက တစ်ပေပတ်လည် စကျင် ကျောက်ပြားများ ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေး ရင်ပြင်တော်ပေါ်သို့ တင်ဆောင်ကုသိုလ်ယူလုပ် အားပေးနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေး ပြီးစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ကန်တော့သည်၊၊

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြားများ  ခင်းကျင်း နေမှု၊   ရေစီးရေလာကောင်းမွန်ရေး၊   ရေနုတ်မြောင်များ  ဖောက်လုပ်နေမှု၊ မိုးတွင်းကာလရင်ပြင်တော် ပေါ်တွင် ရေတင်ကျန်မှုမရှိစေရေး   လုပ်ကိုင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း​ပေးပြီး  ဘုရားဖူးလာပြည်သူများနှင့် လုပ်အား​ပေးစေတနာရှင်  ကုသိုလ်ယူသူများကို အာဟာရဒါန စတုဒီတာများ​ဖြင့် ဧည့်ခံကျွေးမွေးမှုအ​ပေါ် ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ်တွင်  ထင်ရှားကျော်ကြားသည့် ဖူးမြှော်ကြည်ညိုဖွယ်ရာ   သမိုင်းဝင်တန်ခိုးကြီးဘုရားများစွာ ရှိသည့်အတွက် ဘုရားဖူးရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ကုသိုလ်ယူနိုင်ကြရေး ဆရာတော်ကြီးများဦးဆောင်ကာ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ဘက်စုံပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)