ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက်၊ စွယ်တော်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ ဖေဖော်ဝါရီ    ၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၄.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် ပေအရှည်(၄၉၀)ပေ၊အကျယ်(၁၂) ပေ(၆)လက်မထုရှိပြီး ပြည်သူများ ရာသီမရွေး အသုံးပြု သွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)