(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာလမ်း ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်ပင်သာယာ ရေးအဖွဲ့ပိုင် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်(၈)နာရီအချိန်က အဆိုပါလမ်းတွင်ကျင်းပသည်။

အမ်းမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်၍ ဖေဖော်ဝါရီ (၁) ရက်နေ့ ညနေ(၃)နာရီအချိန် ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပေါက်တောမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရဟန်း၊ သာမဏေများ ခေတ္တနားခိုသည့် မြို့နယ် သာသနာ့ဗိမာန်စု ရပ်မှ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်က စတင်၍ မြို့တစ်ပတ်လှည့်လည် ကျင်းပပြုလုပ်သည်။

ရေးမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

သိန္နီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ပွဲကြည့်စင်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယနေ့မွန်းလွဲ (၁:၀၀) နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားအား မြို့နယ်အားကစားကွင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့ပေါ် ရပ်ကွက်များတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး (လဝက) မှဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံအရှေ့ ဝင်ဂလုံဘုရားဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ငူ၌ ကျေးရွာ (၁၇) ရွာကို အကျိုးပြုနိုင်သော  ကျွန်းကုန်း - နေပူကုန်း ကွန်ကရစ်လမ်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ကျွန်းကုန်း-နေပူကုန်း ကွန်ကရစ်လမ်းဖွင့်လှစ်ခြင် အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ ကွန်ကရစ်လမ်းသစ်ပေါ်တွင် ကျင်းပသည်။

ကျောင်းကုန်းမြို့တွင် သက်ငယ်မုဒိမ်း လိင်အကြမ်းဖက်မှုမခံရရေး အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ သက်ငယ်မုဒိမ်းလိင်အကြမ်းဖက်မခံရရေး အသိပညာပေးဆွေးနွေးပွဲကို ဖော်ဖော်ဝါရီလ ၉နာရီ ၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာရိုးရာခြင်းလုံး အလှခတ်ပြပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်လာစေရန်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်များ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးခန်းမတွင်  အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် သံလျက်မှော်(အရှေ့)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေး၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လူဦးရေအိမ်ထောင်စုစာရင်းများ  ပေးအပ်ပွဲအခမ်းအနားကို မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်(အရှေ့)ရပ်ကွက် မန်းတော်သာဓမ္မာရုံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီက ကျင်းပပြုလုပ်သည်။
Subscribe to