(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

ကော့ကရိတ်      ဖေဖော်ဝါရီ        ၂

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက်၊ မြို့မအားကစားကွင်းနှင့် မီးသတ်ဦးစီးဌာနရုံးရှေ့တို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အသင်း (၆)သင်း နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အသင်း (၇)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ ကြောင်း သိရသည်။ထို့အတူ အာလူးကောက်နှင့် မီတာ (၇၅) ကျား/မ အပြေးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲတို့တွင် အခြေခံ ပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိ သည့် ကျောင်းသား/သူများအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်း အနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊  အသင်းအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊  ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်နိုးကြားလာစေရန်နှင့် နေ့ထူးနေမြတ်များကို သိရှိလာစေရန် အတွက် ရည်ရွယ်၍ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)