(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အကြို နံရံကပ် စာစောင် ပြပွဲကျင်းပ

နွားထိုးကြီး    ဖေဖော်ဝါရီ   ၂

နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ ဌာန ဆိုင်ရာများ၊ မိဘပြည် သူ များ၊ပရဟိတ အသင်းအဖွဲ့များတက် ရောက် အားပေးခဲ့သည်။

တက်ရောက်လာသူများကို မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ဦးမှ နံရံကပ် စာစောင်ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ သည်။ ဌာနဆိုင်ရာများ၊မိဘပြည် သူများ၊ ပရဟိတ အသင်း  အဖွဲ့များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ် စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်များကိုလေ့လာခဲ့ကြပြီး မိမိတို့ ဖတ်ရှုလိုသည့် စာအုပ်များကို ငှာရမ်းရာ စာကြည့်တိုက် တာဝန်ခံ ဒေါ်ကြည်ကြည်စန်းမှ ပြန်လည်ငှားပေးခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်