စဉ့်ကိုင် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်ကွက်ရှိ ရွှေကျီးနား ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၈)နာရီက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ၊ ဌာနဆိုင်ရာမှများ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ စုပေါင်း၍ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း ၊သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရား ရင်ပြင်ပေါ်တွင်အမှိုက်လှည်းခြင်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ညိုညို၀င်း