မိတ္ထီလာတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၂

မိတ္ထီလာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ  ၃နာရီအချိန်က  ပေါက်ချောင်း ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင်ကျင်းပကြောင်းသိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုတွင်တွင်  အောင်ဆန်းအသင်း နှင့် ကိုဖြိုး( Group) အသင်းတို့ ယှဉ်ပြိုင်ကစားရာ  ပွဲစဉ် ၅ ပွဲကစား ၃ ပွဲနိုင်ဖြင့် ကိုဖြိုး( Group) အသင်းက အနိုင်ရဗိုလ်စွဲ သွားသည်။ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရ ကိုဖြိုး(Group)အသင်း ၊ဒုတိယဆုရ အောင်ဆန်းအသင်းနှင့် တတိယဆုရ ပြည်သာယာအသင်း တို့အား ဆုကလပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် တစ်ဦးချင်းဆုတံဆိပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။

အဆိုပါပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးသည်။ အဆိုပါအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး ရပ်ကွက်ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ချမ်းသာ