ရမည်းသင်းမြို့နယ်၌ ပြည်သူ့အကျိုး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရမည်းသင်း   ဖေဖော်ဝါရီ   ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းကိုယနေ့နံနက် ၁၀ နာရီက ရန်အောင်မြင်ဘုရား၊တန်ဆောင်နှင့်စေတီများကိုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့တို့က ရန်အောင်မြင်ဘုရား ပတ်ဝန်းကျင် တွင် ပေါက်ရောက်နေသော၊ ပေါင်းမြက် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီများပေါ်တွင် ပေါက်ရောက်နေသော ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို ပြည်သူ့အကျိုးပြု လုပ်ငန်းအနေဖြင့် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)