စစ်ကိုင်းတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လမ်းဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်အားပေး
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပြွများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူ များအား ဝမ်းသာပီတိစကား ပြောကြားပြီး ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။