ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီး အတွင်းအပြင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ဘုရားများတွင် သန့်ရှင်းရေးပြုလုပ်

ညောင်ဦး  ဖေဖော်ဝါရီ   ၂

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သဗ္ဗညုဘုရားကြီး ရင်ပြင်တော် အတွင်းအပြင်နှင့် ဂရို့ဘုရား၊ သံတော်ကြားဘုရား၊ နတ်လျောင်းကျောင်းနှင့် ငကျွဲနားဋောင်းဘုရားပတ်ဝန်းကျင်တို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ပြီး ညောင်ဦးမြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်း ၁၅၀ဦးဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စေတီ၊ ပုထိုး၊ ဘုရား၊ အုတ်ပြဿဒ်များ၊ သာသနိက အဆောက်အအုံများကို ကွယ်နေသည့် သစ်ပင်၊ ခြုံနွယ်၊ ပေါင်း မြက်များ၊ တခါသုံးဖော့ဖူးခွံများ၊ ပလတ်စတစ်အမှိုက်များအား စုပေါင်း သန့်ရှင်းရေး ပြုလုပ်ကြခြင်း သဗ္ဗညုဘုရားကြီးအတွင်း ဆင်းတုတော်များအား၊ ရောင်တော်ဖွင့်ခြင်း၊ ဖုံမှုန့် သဲမှုန့်များ အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဂရို့ဘုရား၊ သံတော်ကြားဘုရား၊ နတ်လျောင်းကျောင်း၊ ငကျွဲနားဋောင်းဘုရားတို့တွင် သန့်ရှင်းရေး ဆောင်ရွက်ကြရာ ညောင်ဦးမြို့နယ်၊ ဌာနဆိုင်ရာ ၅၄ ဌာနမှ အရာထမ်း၊ အမှုထမ်း ၁၅၀ ဦးတို့က စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရကာ သန့်ရှင်းရေးပြုလုပ်ရာသို့ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များက သန့်ရှင်းရေး စုပေါင်းပြုလုပ်သည့် နေရာများကိုကြည့်ရှုစစ်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD