ဝမ်းတွင်း၊ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်မှ စာအုပ်ပြပွဲများ ခင်းကျင်းပြသရခြင်း အကြောင်းများနှင့် စပ်လျဉ်း၍ ယနေ့ခေတ် လူငယ်လူရွယ်များ အနေဖြင့်စာပေများ စိတ်ဝင်စားမှုရှိလာစေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့် အတိုင်းစာပေကို ချစ်မြတ်နိုးလာပြီး စာပေဖတ်ရှုမှုများ ဖြစ်ပေါ်လာစေရန်၊ စာပေအသိပညာ ဗဟုသုတရှိမှသာလျှင် အမှားအမှတ်ကို ဝေဖန်ပိုင်းခြားတတ်နိုင်မည်ဖြစ်ပြီး ယနေ့လူငယ် နောက်ဝယ်လူကြီးမို့ နောင်တစ်ချိန် တွင်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ငယ်စဉ်ကတည်းက စာပေများကို ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ စာအုပ်ပြပွဲများ ခင်းကျင်းပြသရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စာအုပ်ပြပွဲတွင် ပါတော်မူပြီးစ အမြန်မာနိုင်ငံအခြေအနေ၊ ဗီဇအလင်းနှင့်ကဗျာများ၊ ယရမနေသစ်ကောင်းပေ၊ တက္ကသိုလ်ဘယ် မှာရှိတယ်၊ ထနောက်၊ ကနီခရီးသည်၊ ဆေးသားလွှင့်ပျယ်မသားသည့် လွမ်းခြင်းများ၊ မြန်မာ့ရုပ်သေး ကြိုးဆွဲနည်းပညာ၊ ကမ္ဘာသစ်အကြမ်းဖက် အန္တရာယ်နှင့်ဗဟုဝါဒ၊ ကမ္ဘာနီတိပုံပြင်များ၊ အလီဘာဘာ နှင့်ဘူန်းကြီးကိုကို စာပေများနှင့် အခြားသောမဂ္ဂဇင်း၊ ဆောင်းပါးများကို ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
အဆိုပါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြု လုပ်သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲအခမ်းအနားသို့ မြို့ပေါ်ရပ်ကွက်ရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား/ကျောင်းသူများမှ လာရောက် လေ့လာခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)