ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၂
ကရသ်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က အများပြည်သူအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာမဒေါ်ညွန့်ညွန့်ဆွေက ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့်ပတ်သက်၍ ကလေးငယ်များအား ခွဲခြားဆက်ဆံမှုမရှိစေရေး အမည်မှည့်ပိုင်ခွင့်နှင့် မွေးစာရင်းမှတ်ပုံတင် မိဘမျိုးရိုးကိုယ်ရေး အချက်အလက်များသိရှိပိုင်ခွင့် ကလေးငယ်များအား နိုင်ငံရပ်ခြားသို့ ပြန်လမ်းမရှိ ခေါ်ဆောင်ခြင်းမှ ကာကွယ်ပေးခြင်း ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများမှကာကွယ်ပေးခြင်း လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိစေခြင်း မူလတန်း ပညာမသင်မနေရအပါအဝင် တန်းတူပညာသင်ကြားခွင့်ရရှိစေခြင်း ကလေးများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အဆင့်အတန်း တိုးတက်စေသော ပညာသင်ကြားခွင့် အပန်းဖြေအနားယူခွင့် မတရားစီးပွားရေး အမြတ်ထုတ်မှုမှကာကွယ်ပေးခြင်း မတရား အပြစ်ပေးခြင်း နှိပ်စက်ခြင်းတို့မှကာကွယ်ပေးခြင်း အသက်(၁၅)နှစ်အောက် ကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ပေးခြင်း စသည့်ကလေး အလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားသိရှိနိုင်စေရေးအတွက် Online လိုင်းမှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား Iprd kyainn swim kyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။
မျိုးမင်းဦး