ပျော်ဘွယ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပျော်ဘွယ် ဖေဖော်ဝါရီ   ၂

ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင်(Book Club)များနှင့် စာပေ ဝါသနာရှင်များစုပေါင်း၍ စာရေးသူ သက်ထားဆွေ(မြန်မာပြန်) ရေးသားသည့် သူမနှင့်သူမဘဝ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခြင်းကို ဖေဖော်ဝါရီလ(၂)ရက်၊ နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဖုန်းနိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများက စာရေးသူ သက်ထားဆွေ(မြန်မာပြန်)ရေးသားသည့် သူမနှင့်သူမဘဝ စာအုပ်ပါအကြောင်းအရာများကိုဖတ်ရှုကာ တက်ရောက် လာသူများက အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးကြသည်။

စာပေဝါသနာရှင်အနေဖြင့် တက်ရောက်လာသူတစ်ဦးက မျက်မမြင်၊ ဆွံ့အ၊ နားမကြားသည့် ရောဂါဝေဒနာ ခံစားနေရသူတစ်ဦးက အောင်မြင်မှုတွေရရှိလာအောင် ကြိုးစားသွားတာဖြစ်ပါကြောင်း၊ မှောင်မိုက်တိတ်ဆိတ်နေသည့် အနေအထားမှ လွတ်မြောက်အောင်ကြိုးပမ်းခဲ့မှုကို တွေ့မြင်ရပါကြောင်း၊ ထို့အပြင်မည်ကဲ့သို့ ဒုက္ခတွေရောက်ပါစေ ကျော်လွှားနိုင်သည့် စိတ်ခွန်အားတစ်ခုကို တွေ့မြင်ရပါကြောင်း၊ မိမိတို့တွေအနေဖြင့်လည်း ဘဝမှာအောင်မြင်မှုတွေ ရရှိစေဖို့အတွက် ယခုစာအုပ်ကို ဖတ်ရှုကာအတုယူရမည်ဖြစ်ကြောင်းတို့ကိုဆွေးနွေးခဲ့သည်။

မင်းမင်းထွေး(ပျော်ဘွယ်)