မြစ်သားမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ပန်းလောင်မြစ်ကူးတံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြစ်သား     ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြင်းရွာကြီးကျေးရွာအုပ်စု၊ မြင်းရွာကြီးကျေးရွာနှင့် ရွာခိုင်ကြီးကျေးရွာကြား၊ ခရိုင်ချင်းဆက်လမ်း အမှတ်(၂)လမ်းပေါ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းလောင်မြစ်ကူးတံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းလောင်မြစ်ကူးတံတားဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က အဖွင့်အမှာ စကားပြောကြားခြင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိမိနေဝင်းက တံတားတည် ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရွာခိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးခိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နှင့် ရွာခိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့က အဆိုပါတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြသည်။

ယခုဖွင့်လှစ်သည့်တံတားမှာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံ ငွေဖြင့်တံတားအရှည်ပေ(၁၆၀)၊ ယာဉ် သွားလမ်းအကျယ်(၂၈)ပေ၊ ခွင့်ပြုငွေ(၅၆၀.၀၀)ကျပ် သန်းဖြင့်ဆောင် ရွက်ထားကြောင်းသိရသည်။

ပန်းလောင်မြစ်ကူး တံတားဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျောက်ဆည်ခရိုင် ဆည်မြောင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)