မတ္တရာမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး သံဂဟေဆက် သင်တန်းဖွင့်

မတ္တရာ    ဖေဖော်ဝါရီ   ၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင် ရည်မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအု်ပချု်ပရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းမှ သံဂဟေဆက်ပညာ မှသည် စက်မှုလုပ်ငန်းများကိုလည်း တက်မြောက်အောင် ဆက်လက်ကြိုးပမ်းကြရန် လိုအပ် ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်များရှိပါက ဌာဆိုင်ရာများနှင့် ဆက်သွယ်နိုင် ပါကြောင်း၊ တက်မြောက်ထားသော ပညာရပ်များဖြင့် မိမိတို့ရပ်ရွာအကျိုးကိုလည်း သယ်ပိုး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာတစ်ဦးမှ သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအု်ပချု်ပရေးအဖွဲ့ ဥက္ကဌ ဦးအောင်သူရသိန်းမှ သင်တန်းလက်စွဲ စာအုပ်အား သင်တန်းသားများ ကိုယ်စား သင်တန်း သားတစ်ဦးကို ပေးအပ်ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ သင်တန်းသား တစ်ဦးအား သင်တန်း အထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။ ထို့နောက် ဆောင်းဒါး ယက္ကန်းနှင့် သက်မွေးသိပ္ပံပညာကျောင်း သင်တန်းတွင် ပထမဆုရှိခဲ့သော မတ္တရာမြို့နယ် ရွေးစု ကျေးရွာမှ မနုနုအောင်အား မြို့နယ်စီမံအု်ပချု်ပရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်ဦးစီးမှူးတို့မှ ဂုဏ်ပြု မှတ်တမ်း လွှာနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ သင်တန်းသား ၂၀ ဦးအား ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ  စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းတွင် ထူးချွန်သူများကို ဆုများပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)