ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ် ဘုရားဆင်းတုတော် လိုအပ်နေသည့် အိမ်ထောင်စုများအတွက် ဘုရားဆင်းတုတော်များလှူဒါန်း

ညောင်ဦး  ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတဲတိုက်များတွင် ဘုရားဆင်းတုတော် ကိုးကွယ်နိုင်ရန် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၁ နာရီချိန်က ဘုရားဆင်းတုတော် ၅၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။

အဆိုပါ ဘုရားဆင်းတုတော်လှူဒါန်းဖြစ်ခြင်းအား ရန်ကုန်မြို့ မျှဝေခြင်းပရဟိတမိ သားစုက ညောင်ဦးမြို့နယ် တဲတိုက်များသို့ သောက်သုံးရေလှူဒါန်းသွားရင်း ဘုရားပုံ တော်များသာရှိပြီး ဘုရားဆင်းတုတော်မရှိသည့်အိမ်ခြေများအား ဘုရားဆင်းတုတော် လှူဒါန်းလိုကြောင်း၊ ဘုရားဆင်းတုတော်မရှိသည့် တဲတိုက်များမှအိမ်ထောင်စုများစာရင်း ကောက်ယူပြီး ပထမအကြိမ် လှူဒါန်းခြင်းဖြစ်ရာ အိမ်ထောင်စု(အိမ်ခြေ) ၅၀အတွက် ဉာဏ်တော် ၁၁ လက်မခန့်ရှိသော ဘုရားအဆူ ၅၀ လှူဒါန်းပေးခဲ့ရာ တောစွန်တဲတိုက် အိမ်ခြ ၂၅ အိမ်အတွက် ဆင်းတုတော် ၂၅ ဆူ၊လေးတဲစုတဲတိုက် အိမ်ခြေ ၁၅ အိမ်အတွက် ဘုရား ဆင်းတုတော် ၁၅ ဆူ၊ ညောင်တိုတဲတိုက် အိမ်ခြေ ၅ အိမ်အတွက် ဘုရားဆင်းတု တော် ၅ဆူ၊ တာလမ်းကန်တဲတိုက်ရှိ အိမ်ခြေ ၅အိမ်အတွက် ဘုရားဆင်းတုတော် ၅ ဆူတို့ လှူဒါန်းခဲ့ကြောင်းသိရသည်။ နောက်ထပ်လှူဒါန်းနိုင်ရန် ဘုရားဆင်းတုတော် မရှိသေးသည့် အိမ်ထောင်စုများအတွက်လည်း ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ပြီးသား ဆင်းတုတော်များအား လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မျှဝေခြင်းပရဟိတမိသားစု ထံကသိရသည်။

ကိုထိန်၊KPD