မြိတ် ဖေဖော်ဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ခရိုင်အားကစားခန်းမနှင့် ဘောလုံးပြိုင်ပွဲကို မြို့မ အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲသည် (၃)ယောက်တွဲပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၈)သင်း ပြိုင်ပွဲဝင် အားကစားသမား(၄၀)ဦး ပါဝင်ယှဉ်ပြိုင်လျက် ရှိကြသည်။ ထို့အတူ ဘောလုံးပြိုင်ပွဲကို အသက်(၁၇)နှစ်အောက် ခရိုင်လက်ရွေးစင်ဘောလုံးအသင်းနှင့် အလွတ်တန်းဘောလုံးအသင်း(၂)သင်း စုစုပေါင်း ဘောလုံးအသင်း(၃)သင်း ပြိုင်ပွဲဝင်အားကစားသမား(၅၄)ဦးတို့ ယှဉ်ပြိုင်လျက်ရှိကြသည်။
ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ(၃၁)ရက်မှ ဖေဖော်ဝါရီလ(၄)ရက် နေ့အထိကျင်းပသွားမည်ဖြစ်ကာ ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲသည် အုပ်စုပတ်လည်ပြိုင်ပွဲဖြစ်၍ ဘောလုံး ပြိုင်ပွဲသည် (၃)သင်းပတ်လည် ပြိုင်ပွဲဖြစ်ကာ အမှတ်အများဆုံး(၂)သင်းသည် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )