ကျိုက်မရော၌ အရန်မီးသတ်တပ်ဖွဲဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၂ဖွင့်လှစ်

ကျိုက်မရော   ဖေဖော်ဝါရီ ၁


ကျိုက်မရောမြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ၁/၂၀၂၂ဖွင့်ပွဲကို ယနေ့နံနက်၉နာရီ​က မီးသတ်တပ်ဖွဲ့ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်သောင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်များ၊ အခြားဘေးအန္တရာယ်များမှ ကာကွယ်တားဆီးရေး လုပ်ငန်းများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း စေတနာ၊ဝါသနာ၊အနစ်နာဖြင့် စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါသင်တန်းသို့ကျေးရွာများမှ အရန်မီးသတ်သင်တန်းမတက်ရောက်ရသေးသည့် သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ၁ရက်နေ့မှ ၂၅ရက်နေ့ထိဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးတင်သောင်းဦးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)