စစ်ကိုင်းတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လမ်းဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်အားပေး

စစ်ကိုင်း ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဖေဖော်ဝါရီ()ရက်နေ့ နံနက်()နာရီက အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပြွများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူ များအား ဝမ်းသာပီတိစကား ပြောကြားပြီး ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ကိုးပေမှ စစ်ကိုင်းတောင်ရိုး ()လမ်းသွား တိုးချဲ့ကတ္တရာလမ်းဖွင့်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အဆိုပ်လမ်းအား ကြည့်ရှုအားပေးပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ထောက်ပံ့လှူဒါန်းသည့် ဆွမ်းဆန်တော် အိတ်များ လေးကျွန်းမြေအုဌ်ကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပွဲ တက်ရောက် ကြည်ညိုကာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စား ဆရာတော်ထံ ဆက်ကပ်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေး တက္ကသိုလ်၌ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုတင်ဆက်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အနုပညာရှင်များ၏ သရုပ်ဖော် လေကျင့်နေမှုကို ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးခဲ့ပြီး ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြေပြင်တင်းနစ်နှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများကို ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်