လူငယ်သင်တန်းကျောင်း(မန္တလေး)မှ သင်တန်းသားများအတွက် လျပ်စစ်သွယ်တန်းတတ်ဆင်ခြင်းသင်တန်း ဖွင့်လှစ်

မန္တလေး ဖေဖေါ်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော လျပ်စစ်သွယ်တန်း တတ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးဩအောင် မြေသာစံမြို့နယ် ၇၃ လမ်း ၁၂ လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်း(မန္တလေး)တွင် ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက အမှာစကားပြောကြားပြီး သင်တန်းနည်းပြ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးထင်အောင်က သင်တန်းနှင့်ပါတ်သက်၍ ရှင်းလင်း ပြောကြားကာ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်မင်းက ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ လူငယ်သင်တန်းကျောင်း (မန္တလေး)ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ ဪသင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အဆိုပါကို သင်တန်းသား ၂၀ ဦးတို့အား အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်း တတ်ဆင်ခြင်းလုပ်ငန်းများ ကို တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ ပြန်/ဆက်)