သနပ်ပင်မြို့နယ်၌ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ အောက်ဆီဂျင်စင်ရုံဖွင့်ပွဲနှင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပန်၌ စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍  ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ဖေဖော်ဝါရီ(၁)ရက်နေ့နံနက်ပိုင်းက ဟိုပန်မြို့ရှိ ကျောက်တိုင်ကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုးမိတ်မြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေ များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို ‌ဖေဖော်ဝါရီ ၁ ရက် နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်း၌ လျှပ်စစ်ကုန်းအင်းဖြတ်လမ်းသစ်(ကျောက်ရောမြေ)ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နောင်ပကျစ်ရပ်ကွက်ရှိ လျှပ်စစ်ကုန်းအင်းဖြတ်လမ်းသစ်(အလျား ၉ ပေ၊ အနံ ၃၀ ပေ၊ ထု ၃ ပေ ၊ ကျောက်ရောမြေ)ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါ မုခ်ဦးရှေ့၌ ကျင်းပရာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အား/ကာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိ

၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားဖွံ့ဖြိုးမှုအစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို မြို့မအားကစားကွင်းအတွင်း ဇန်နဝါရီလ၃၁ရက်နေ့မှစ၍ တစ်နေ့လျှင် (၂)ပွဲစီဖြင့် ယှဉ် ပြို်ငကစား လျက်ရှိရာ ဖေဖော်ဝါရီလ ၁ရက်နေ့ ညနေ၄နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာအသင်းနှင့် ချောင်းကြီးရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း စု‌ပေါင်း တံခွန်စိုက်ဖလား ဆုဆွတ်ခူး

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် (၈)နာရီအချိန်မှစတင်၍ ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြသည်။

မင်းဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဌာနဆိုင်ရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထမ်းအမှတ်အကြို ဌာနဆိုင်ရာ ထမနဲထိုး ပြိုင်ပွဲ ကျင်းပခြင်းကို ဖေဖော်ဝါရီ ၁ ရက်နံနက် ၉ နာရီအချိန်က ပြည်သူ့ပန်းခြံဝင်းအတွင်း စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ် မြောက် စိန်ရတုပြည်‌ထောင်စုနေ့အထိမ်းအမှတ်စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် စိတ်ကြိုက် ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီလ (၁)ရက်နေ့ မွန်းလွဲ(၁)နာရီချိန်ခန့်က ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရှိရ သည်။
Subscribe to