မြောက်ဦး ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ နေ့လယ် (၂) နာရီခွဲ အချိန်က ရှစ်သောင်းဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စုပေါင်းဆွမ်းဆန်တော်လောင်းလှူခြင်းသို့ ရောက်ရှိလာကြသည့် ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်များ၊ ရှေ့တန်းအမှတ် (၅၅)၊ ခြေလျှင် တပ်မဌာနချုပ်၊ တပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်စီမံအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး တင်ထူးလှိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များမှမိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်မှစေတနာရှင်များ တရားနာရောက်ရှိနေကြကုန်သော တရားနာပရိတ်သတ်များ၊ ဥပုတ်သီလခံယူဆောက်တည်ကြပြီး အံတော်သိမ်ဓမ္မာရုံတော် အတွင်း ဆရာတော်အရှင် သူမြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။ဆက်လက်၍ မြို့နယ်လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် လှူဖွယ်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်၊ အမွှေးနံသာတိုင်၊ ဆပ်ပြာခဲ၊ ကော်ဖီထုတ်စသော လှူဖွယ်ပစ္စည်းများဖြင့် ရဟန်းသံဃာ(၁၂၃)ပါးနှင့် သီလရှင်(၄၀)ပါးတို့ကို ကုသိုယ်ပြုလုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)