ဒဂုံ ဖေဖော်ဝါရီ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ၊ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်အောက် ပစ္စယာ၊ မော်တော်ယဉ်ရုံးအနီးရှိ ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို) (YMBA)တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့(၁-၂-၂၀၂၂) နေ့နံနက်(၀၈း၃၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ YMBAအသင်း ဥက္ကဋ္ဌဦးရဲထွန်း၊ဒုတိယဥက္ကဌဒေါက်တာအောင်မင်းကျော်သူ၊ ဘွဲ့ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားအား အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ရာ ဘဒ္ဒန္တတိလောကာဘိဝံသကသြဝါဒက ထာမိန့်ကြားခြင်း၊ ဒေါက်တာအောင်မင်းကျော်သူက YMBAအသင်းကြီးအကြောင်းအား လျှောက် ထားခြင်း၊ ဆရာတော်များကမေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ခြင်း၊သင်းဘွဲ့တော်ရွေးချယ်ရေးအဖွဲ့ အသင်းနာယကဦးစိန်သန်းက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်းနှင့် လူပုဂ္ဂိုလ်(၆)ဦးအား ဘွဲ့တံဆိပ်တော်များချီးမြှင့်ခြင်းများ ပြုလုပ်၍လှူဒါန်းမှုများအတွက် ရေစက်သွန်းချတရားတော်များနာကြားပြီး အခမ်းအနားကို ဗုဒ္ဓသါသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)