ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းမှ သင်တန်းသားများအား မုန့်မျိုးစုံ ပြုလုပ်ခြင်း သင်တန်းဆင်းပွဲပြုလုပ်

မန္တလေး    ဖေဖေါ်ဝါရီ     ၃

မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော မုန့်မျိုးစုံပြုလုပ်ခြင်း သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန လူငယ်သင်တန်းကျောင်း(ပုသိမ်ကြီး)တွင် ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိကြသော သင်တန်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး အလုပ်သမား ညွှန်ကြးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ မုန့်မျိုးစုံ ပြုလုပ်ခြင်းသင်တန်းတွင် သင်တန်းသား ၂၀ ဦးအား အီကြာကွေး၊ စမူဆာ၊ ပလာတာနှင့် ထပ်တစ်ရာ ပြုလုပ်ခြင်းများကို သင်တန်းကာလ တစ်လကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် လက်တွေ့ဘဝတွင် သင်တန်းမှ ရရှိခဲ့သော အတတ် ပညာဖြင့် ဝမ်းရေးအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း (အောင်စံ ပြန်/ဆက်)