အမ်းမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

အမ်း  ဖေဖော်ဝါရီလ  ၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်၍ ဖေဖော်ဝါရီ (၁) ရက်နေ့ ညနေ(၃)နာရီအချိန် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်နှင့် သီလရှင်(၈၀)ပါးတို့အား အလှူငွေ၊ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ ဖရောင်းတိုင်၊ အမွှေးတိုင် အစရှိသည့် လှူဖွယ်ဝတ္တုပစ္စည်းများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

စိုးမင်းထွန်း (ပြန်/ဆက်)