ပေါက်တော ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရဟန်း၊ သာမဏေများ ခေတ္တနားခိုသည့် မြို့နယ် သာသနာ့ဗိမာန်စု ရပ်မှ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်က စတင်၍ မြို့တစ်ပတ်လှည့်လည် ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုပေါက်တောမြို့နယ် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီး များ၏ ဩဝါဒကိုခံယူလျက် ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များက ကြီးကြပ်လျက် ရဟန်း၊ သာမဏေများ ပင့်ဆောင်ကာ မြို့တစ်ပတ်လှည့်လည်၍ ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သည်။ ထို့နောက် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ဌာဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များ က လောင်းလှူကြသည်။ လောင်းလှူပြီးသည့် ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ပစ္စည်းအစုစုများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲများက ဘုန်းတော်ကြီးကျောင်းများသို့ စနစ်တကျ သယ်ယူ ပို့ဆောင်ပေးနိုင်ရန်အတွက် မြို့တစ်ပတ် လိုက်ပါကူညီဆောင်ရွက်ပေးကြသည်။
ဆွမ်းဆန်စိမ်းလောင်လှူပွဲသို့ ရဟန်းသာမဏေ စုစုပေါင်း(၁၄၆)ပါး ကြွရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်သန်း မြို့နယ်ပြန်/ဆက်