မဟာအောင်မြေ ဖေဖော်ဝါရီ ၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေး၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လူဦးရေအိမ်ထောင်စုစာရင်းများ ပေးအပ်ပွဲအခမ်းအနားကို မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်(အရှေ့)ရပ်ကွက် မန်းတော်သာဓမ္မာရုံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက အမှာစကားပြောကြားပြီး တက်ရောက်လာသောပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ဦးချင်းပေးအပ်သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အဖွဲ့ဝင်ဗိုလ်မှူးဆွေးနွယ်အောင်က လူဦးရေအိမ်ထောင်စုစာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ကြကာ ပြည်သူများကိုယ်စား ရပ်ကွက်အုပ်ချုပ် ရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်ကြိုင်နှင့် ဝန်ထမ်းများ၊ အကွက်တာဝန်ခံများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ကြပြီး ယနေ့ပြုလုပ်သောအခမ်းအနားတွင် ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၇၃)ကတ်နှင့် လူဦးရေအိမ်ထောင်စု စာရင်း (၂၇) ခု ဖြစ်ကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်စံ ပြန်/ဆက်)