(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာလမ်း ဖွင့်ပွဲကျင်းပ

ချောင်းဆုံ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်ပင်သာယာ ရေးအဖွဲ့ပိုင် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်(၈)နာရီအချိန်က အဆိုပါလမ်းတွင်ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လတာ ကာလဘတ်ဂျတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာလမ်းအား ယခုနှစ်ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအုံးသန့်က ဆောက်လုပ်ရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းကာ ရပ်ကွက်သူ၊ ရပ်ကွက်သားများကိုယ်စား တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအေးမြင့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် သမိန်ဗရမ်းထပ်ပိုးလွှာလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသီးသီးနေရာယူပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ အဆိုပါလမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)