ချောင်းဆုံမြို့ပေါ် ရပ်ကွက်များတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

ချောင်းဆုံ    ဖေဖော်ဝါရီ    ၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး (လဝက) မှဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ   ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံအရှေ့   ဝင်ဂလုံဘုရားဓမ္မာရုံတွင်   ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်ရှိ ဒေသခံ(၄၃)ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒေသခံပြည်သူများကို ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံချက်အား ရာနှုန်းပြည့်ပြီးစီးနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံး (လဝက) မှ  သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)