ရေးမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ရေး ဖေဖော်ဝါရီ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်()အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာရေး ဦးစီးဌာနမှ ဆရာမများက မွေးစမှ  အသက်()နှစ်အောက် ကလေးငယ်များအား   ဆုံဆို့နာ၊ ကြက်ညာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ် နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်      မိခင်များအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုမှ ကာကွယ်ဆေး တိုက်ကျွေးမှုများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး မိခင်များကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သီမိုး(ပြန်/ဆက်)