သိန္နီ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယနေ့မွန်းလွဲ (၁:၀၀) နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားအား မြို့နယ်အားကစားကွင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရှေ့တန်းအမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးတင်ဦး၊ မြို့မိမြို့ဖ ဦးစိုင်းမြင့်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသူများအား တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့မှ ရိုးရာ ယဉ်ကျေးမှုအကတို့ဖြင့် ကပြဖျော်ဖြေခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေလင်းထွန်းက ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ ဘောလုံးပြိုင်ပွဲအား ပြိုင်ပွဲဝင် အသင်း(၁၀)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)