ကျောင်းကုန်း ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ သက်ငယ်မုဒိမ်း လိင်အကြမ်းဖက်မခံရရေး အသိပညာပေး ဆွေးနွေးပွဲကို ဖော်ဖော်ဝါရီလ ၉နာရီ ၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှုး ယာယီရဲမှုး အောင်နိုင်ဦးက ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်ဖြစ်စေ၊ နေအိမ်တွင်ဖြစ်စေ သွားလာ နေထိုင်ရာတွင် ပတ်ဝန်းကျင်၏ အမြင်မသင့်တော်သော ဝတ်စားဆင်ယင်ပြီး နေထိုင်မှုမျိုး မပြုလုပ်ကြရန်၊ နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိသော မုဒိမ်းမှုများတွင် သက်ငယ်မုဒိမ်းမှုမှာ အများဆုံးဖြစ်ပေါ်နေသဖြင့် ကျောင်းသား ကျောင်သူများက မိဘ/ဆရာသမားများ၏ သွန်သင်ဆုံးမှုများကို လိုက်နာသွားလာနေထိုင် ကြရန်၊ ညအချိန်မတော် အပြင်သွားလာခြင်းများ မပြုလုပ်ကြရန်နှင့် မည်သူတစ်ဦးတစ်ယောက်၏ ဖျားယောင်းသွေးဆောင်မှုကိုမျှ အလွယ်တကူ မယုံကြည်ကြရန်တို့ကို အသိပညာပေးဆွေးနွေး ဟောပြော ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)