ကဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

ကဝ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊   ကဝမြို့နယ်တွင်    ကိုဗစ်-၁၉ရောဂါ      ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီး  အသက်(၆၀)နှစ်နှင့်အထက်   ပြည်သူများအား   ထပ်ဆောင်းကာကွယ်ဆေး BoosterDose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကငါးထပ်ကြီးဘုရားရင်ပြင်တော်၌   စတင်ထိုးနှံပေးကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    ထပ်ဆောင်း   Booster Dose အဖြစ် ရရှားနိုင်ငံထုတ်  Sputnik Light  ကိုဗစ်ကာကွယ်ဆေးကို  ထိုးနှံပေးခြင်းဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်ကျော်မိုးနှင့်    အဖွဲ့ဝင်များ၊  မြို့နယ်     ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး  ကော်မတီမှ တာဝန်ရှိသူများ၊   စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။