ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ဝေမျှခြင်းပရဟိတ မိသားစုမှ သောက်သုံးရေ လှူဒါန်း

ညောင်ဦး  ဖေဖော်ဝါရီ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ဝေမျှခြင်းပရ ဟိတမိသားစုက ဖေဖော်ဝါရီ ၅ရက်၊ နံနက် ၁၁နာရီအချိန်ကတောင်ဇင်းတိုက်နယ်အတွင်း ရှိ အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။

ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်တွင် အိမ်ထောင်စု ၄၂အိမ်ထောင်စုရှိပြီး ၊လူဦးရေ ၁၈၀ ဦးကျော်နေထိုင်ကြာင်း၊ အင်ကြင်းမြိုင်တဲတိုက်သည် မြေသားမိုးရေလှောင် ကန်နှင့်စက်ရေတွင်းမရှိပဲ သောက်သုံးရေလှူဒါန်းမှုများမှသောက်သုံးရေရရှိခြင်း၊ ရပ်ဝေး ရေကန်များသို့သွားရောက်ခပ်ယူသုံးစွဲနေရသည့် တဲတိုက်ဖြစ်ကြောင်း အင်ကြင်းမြိုင်တဲ တိုက်နေထိုင်သူ ဦးသာမောင်ကရှင်းပြသည်။

ညောင်ဦးမြို့နယ်တွင် သောက်သုံးရေခက်ခဲသည့်ကျေးရွာ၊ တဲတိုက်အမြောက် အများရှိနေသေးပြီး သောက်သုံးရေခက်ခဲမှုနှစ်စဉ်ကြုံတွေ့နေရကြောင်း၊ အချို့ကျေးရွာ တဲတိုက်များ သောက်သုံးရေလှူဒါန်းမှုများမှရယူသုံးစွဲနေရပြီး အချို့ကျေးရွာ၊တဲတိုက်များ မြေသားရေလှောင်ကန်၊နှင့်ရေရရှိသည့် အရပ်သို့သွားရောက်ခပ်ယူသုံးစွဲကြရကြောင်း အင်ကြင်းမြိုင်တဲတိုက်မှ ဦးသာမောင်ကရှင်းပြ၍သိရသည်။

ကိုထိန်၊KPD