“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက်သီချင်းသီဆိုမှု မြဝတီမီဒီယာစင်တာ၌ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက် သီချင်းသီဆိုမှုကို ဖေဖော်ဝါရီလ ၄ ရက်နေ့ (သောကြာနေ့) ညတွင် မြဝတီစင်တာ၌ကျင်ပပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သည်။

တူယှဉ်နွဲ​ပျော်ဂီတပွဲ​တော် သီးချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ်နိုဝင်ဘာ ၂၆ ရက်​နေ့မှစတင်၍ အပတ်စဉ်​ သောကြာ​နေ့ ညတိုင်းကျင်းပ ခဲ့ရာ ယခုအခါဒုတိယအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၀ ဦးဖြင့်​ ဖေ​ဖော်ဝါရီလ ၄ ရက်​နေ့က စိတ်ကြိုက်တေးသီချင်းများဖြင့်လည်း​ကောင်း၊​ ဖေ​ဖော်ဝါရီ ၆ ရက်​နေ့တွင် ပြဌာန်း​တေးသီချင်းများဖြင့်လည်း​ကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ် တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် မ​ကွေးတိုင်း​ဒေသကြီးမှ MF01 မြတ်နိုးစံ၊ ရန်ကုန်တိုင်း​ဒေသကြီးမှ MF02 ကြူကြူခိုင်၊ စစ်ကိုင်းတိုင်း​ဒေသကြီးမှ MF03 ​ရေဂျီနား၊ မန္တလေးတိုင်း​ဒေသကြီးမှ MF04 ဇော်​ထွေးလတ်၊ ကချင်ပြည်နယ်မှ MF05 အရိန့်၊ ဧရာဝတီတိုင်း​ဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ MF07 ချိုမီမီ​ဇော်၊ ကရင်ပြည်နယ်မှ MF08 ချမ်းဟိန်းဝင်းထွန်း၊ ရန်ကုန်တိုင်း​ဒေသကြီးမှ MF09 စျန်ထူး၊ ပဲခူးတိုင်း​ဒေသကြီးမှ MF10 ချစ်နုတို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး The Ensenble ​တေးဂီတအဖွဲ့မှ တီးခတ်ပေးခဲ့သည်။

ပထမပွဲစဉ်အုပ်စုပြိုင်ပွဲတွင် အကဲဖြတ်ဒီုင်အဖွဲ့၏ အမှတ်​ပေးမှုဖြင့်​ ဆောင်ရွက်ခဲ့​သောလည်း၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အမှတ်​ပေးမှုအပြင် ပရိတ် သတ်များအ​နေဖြင့် MPT နှင့် Mytel SIM Card များကို အသုံးပြု၍ Voting မဲ​ပေးနိုင်မည်ဖြစ်ရာ မိမိတို့ကြိုက်နှစ်သက်သည့်ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း SMS ​ပေးပို့မဲ​ပေးခြင်းကို အ​ရေအတွက် အကန့်အသတ်မရှိဘဲ MPT Sim Card များမှ ကုဒ်နံပါတ် “7522” သို့လည်း​ကောင်း၊ Mytel Sim Card များမှကုဒ်နံပါတ် “7575” သို့လည်း​ကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ်ကိုရိုက်နှိပ်၍ ​ပေးပို့နိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ်​​ဖေ​ဖော်ဝါရီ ၆ ရက် (တနဂ်​နွေ) နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်သည်။

ပွဲစဉ်များ၏ ​နောက်ဆုံးသုံးပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ၊ မြဝတီစင်တာတွင်​ ဖေ​ဖော်ဝါရီ ၄ ရက်(​သောကြာ​နေ့) ညတွင်တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်ပြသ​ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)