ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေး

ဇီးကုန်း     ဖေဖော်ဝါရီ    ၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက လယ်မကျေးရွာရှိ တင်ဟော့ဇာထိုးပန်းထိုး အလုပ်ရုံသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ အဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးနှင့် တာဝန်ရှိသူများသည် စက်ရုံအလုပ်ရုံများ၌ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ လမ်းညွန်ချက်များနှင့် ဆောင်ရွက် ထားရှိစေရေးနှင့် မြို့နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းနှင့် အလုပ်ရုံအတွင်း လက်ဆေးရန်နေရာ ဆောင်ရွက်ထားရှိမှု၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေးထားရှိမှု၊ နှာခေါင်းနှင့်ပါးစပ်စည်း စနစ်တကျတပ်ဆင်ရေးတို့ကို စစ်ဆေး ခဲ့ကြပြီး၊ အလုပ်ရုံအတွင်း လေဝင်လေထွက် ကောင်းမွန်စေစေရေး၊ ဖျားနာသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူထံ သတင်းပို့ကြရန်နှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော  လမ်းညွန်ချက်များအား လိုက်နာကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)