တံတားဦး ဖေဖော်ဝါရီ ၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေး လုပ့်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -
ကျွန်တော့်အမည်က ဦးမောင်ဌေး ဖြစ်ပါတယ်၊ အမှတ်(၁)ရပ်ကွက် တောင်ရပ်မှာ နေထိုင်ပါတယ်၊ အသက်ကတော့ (၆၈)နှစ်ရှိပါပြီး ၊ အလုပ်အကိုင်ကတော့ လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်ပါတယ်။
ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတုန်းကအန္တရာယ်ရှိတယ်လို့ ပြောနေကြတဲ့အတွက် မထိုးရဲလို့ မထိုးခဲ့ပါဘူး၊ နောက်ပိုင်း ရောဂါကူးစက်မှုတွေ အရမ်းများလာပြီး သေဆုံးသူတွေရှိလာတဲ့ အတွက်ကြောင့် ကျွန်တော် ကြောက်လာမိတယ်၊ ပြီးတော့ ကျွန်တော်က လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်တော့ လူအများနဲ့ ထိတွေ့ဆက်ဆံရတာများတဲ့အတွက် ကာကွယ်ဆေးထိုးနှံပြီး ရောဂါ ကာကွယ်မှ ဖြစ်မယ်ဆိုတဲ့အတွေးနဲ့ ယနေ့ လာရောက်ထိုးနှံမှု ခံယူတာဖြစ်ပါတယ်၊ ကာကကွယ် ဆေးထိုးနှံပေးတာ လက်မောင်းတော့ နည်းနည်းအောင့်တာလောက်ပါပဲ ကျန်တာ ထွေထွေထူးထူး မခံစားရပါဘူး၊ ကာကွယ်ဆေးထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆေးထိုးပြီးရင် နေထိုင်စားသောက်ရမယ့် အကြောင်းတွေကို ရှင်းပြပေးပါတယ်၊ ပြီးတော့ ပါရာတီတမော့လ် ဆေးလည်းပေးပါတယ်၊ ကျွန်တော်ဟာ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ Sputnik Light ကာကွယ်ဆေး ထိုးနှံပြီးပါပြီ၊ ဒီကာကွယ်ဆေးဟာ တစ်ကြိမ်တည်းထိုးရပြီး QR Code ပါဝင်သည့် ဆေးထိုးနှံပြီးကြောင်း လက်မှတ်တွေ တစ်ခါတည်း ထုတ်ပေးပါတယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးထိုးခြင်းကို အရေးကြီးဆုံး ပြောလို့ရမယ်အရာဖြစ်တဲ့အတွက် ပြည်သူများ အားလုံးက လိုက်နာဆောင်ရွက်ကြဖို့လည်း လိုပါတယ် ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်၊ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ များရှိရင်လည်း မဖြစ်မနေ လာရောက် ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် လေးလေးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
တွေ့ဆုံမေးမြန်းသူ။ ဘိုမောင် (ပြန်/ဆက်)
မှတ်တမ်းတင်သူ ။ ရဲတင့်