မုဒုံ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိ ထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၉ နာ ရီက မြို့မ(၄)ရပ်ကွက် ကန်ကြီးဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်တို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများတို့က မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း ပညာရေး ဆရာ/ဆရာမများ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုများအား ဦးတည်အုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး (၃)လနှင့် (၆)လအထက်ရှိသူများ စုစုပေါင်း (၁၄၅)ဦးအား စတင်ထိုးနှံပေးလျက်ရှိရာ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကယ် ဆယ်ရေးအသင်းများတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ Sputnik Light ကာကွယ်ဆေးသည် ရုရှားသမ္မတနိုင်ငံမှနှစ်နိုင်ငံချစ်ကြည်မှု အရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းတို့မှ ရရှိထားခြင်းဖြစ်ကြောင်း တစ်ကြိမ်သာထိုးနှံ ရန်လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်းကောင်းမွန်သည့်ကာကွယ်ဆေးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာ ရရှိစေနိုင် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ