မိုးမောက်မြို့တွင် ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း Omicron ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်

မိုးမောက်    ဇန်နဝါရီ         ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် မြို့နယ်ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ် ရပ်ကွက်များနှင့်လူစည်ကားရာနေရာများ၌  မြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်−၁၉ မျိုး ရိုးဗီဇပြောင်း Omicron ရောဂါပိုး ကူးစက်လာခြင်းများမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကူးစက်မှုနှုန်းမြန်ဆန်သည့် ကိုဗစ်−၁၉ မျိုးရိုးဗီဇ ပြောင်းOmicronသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နိုင်ငံတွင် ကူးစက်ခံစားနေရပြီဖြစ်ပြီး မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း Omicron ရောဂါပိုး ကူးစက်ပျံ့နှံမှုရှိလာပြီဖြစ်သည့်အတွက် ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း Omicronရောဂါပိုး ဖြစ်ပွားကူးစက်ခံရမှုမရှိစေရေး  အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ရန်၊ ဆပ်ပြာဖြင့်လက်ကို မကြာခဏဆေး ကြောရန်၊ လူစုလူဝေးနေရာများကို ရှောင်ကြဉ်ရန်၊ အခြားသူများထံသွားရောက် လည်ပတ်ခြင်း များမပြုလုပ်ကြရန်၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်သည့် အကြိမ်ရေအပြည့် ထိုးနှံကြရန်နှင့် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် မိုးမောက်မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသူများ၊ ဒုတိယအကြိမ်ထိုးနှံရမည့်သူ များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)