မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီး ချဲ့ထွင်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းတိုင်များနှင့် ထရန်စဖော်မာများ ပြောင်းရွှေ့စိုက်ထူ

မူဆယ် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ  ပြည်ထောင်စုလမ်းမကြီး ချဲ့ထွင်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းတိုင်များနှင့် ထရန်စဖော်မာများ ပြောင်းရွှေ့ စိုက်ထူမှုကို ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် Junction River Trading ကုမ္ပဏီမှ ပြောင်းရွှေ့စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လျှပ်စစ်ဓာတ်အားတိုင်များကို ပြောင်းလဲစိုက်ထူခြင်း အား ဆောင်ရွက်ရာ မူဆယ်မြို့အတွင်း ဟိုမွန်ရပ်ကွက်တွင် ဓာတ်အားလိုင်းများကို ခေတ္တ ဖြတ်တောက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်းနှင့် Junction River Trading ကုမ္ပဏီမှ လျှပ်စစ် ဓာတ်အား ယာယီဖြတ်တောက်ပြီး လုပ်ငန်းဆောင်ရွက်မည်ကိုလည်း Online မှ တစ်ဆင့် ကြော်ငြာ ထားကြောင်း သိရသည်။ အဆိုပါ ဓာတ်အား ဖြတ်တောက်ခြင်းကို မူဆယ်မြို့နယ်နှင့် ပန်ဆိုင်း (ကြူကုတ်)မြို့များရှိ ရပ်ကွက်များတွင် (၂၅.၁.၂၀၂၂)မှ (၈.၂.၂၀၂၂)အထိ နေ့စဉ်နံနက် (၁၀)ညနာရီ မှ ညနေ (၁၅) နာရီအထိ ဖြတ်တောက်ထားမည်ဖြစ်ပြီး ဓာတ်အားလိုင်းတိုင်များနှင့် ထရန်စမော်မာ များ ပြောင်းရွှေ့စိုက်ထူမူကို Junction River Trading ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိရာ လမ်းမများရှိ ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြရန် နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းမောင်(ပြန်/ဆက်)