ကသာ ဇန်နဝါရီ ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့၊ လျှပ်စစ်ကုန်းရပ်ကွက်ရှိ တောင်ပေါ် ကျောင်းဓမ္မာရုံ၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ယမန်နေ့ က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများ၊ ရပ်/ကျေး စာရေးများနှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ(၁၅)ဦးနှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူ(၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ကသာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်း ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာ မြို့နယ်ဦးစီးမှူး ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေး လျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)