ဒေးဒရဲ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံမှုရှိစေရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေး အန္တရာယ်များအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို အမှတ်(၁) ရပ်ကွက်ရှိ စိန္တာမုနိ ဘုရားကြီးဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်နှင့်အခြားသော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပါက ပိတ်မိနေသူများ၊ ဒဏ်ရာရသူများကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများအား သန္ဓေတပ်ဖွဲ့ဝင် (၁၁)ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)