ဝက်လက်မြို့၌ “ ပန်းခင်း ” စီမံချက် နှင့်ပတ်သတ်သည့် သိမှတ်ဖွယ်ရာများ အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဝက်လက် ဇန်နဝါရီ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ယနေ့ နံနက် နာရီ အချိန်ကပန်းခင်းစီမံချက်နှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောပွဲကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်းများက အာယုဂဏနအဘရ စေတီတော်ဝင်း အတွင်း ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ပန်းခင်စီမံချက်နှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာများကို ဝက်လက်မြို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး က အသိပညာပေး ဟောပြောရာတွင်ပန်းခင်းစီမံချက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် လေးရပ် အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုက်နာရမည့် အချက်များ၊  နိုင်ငံသား စစ်ဆေးရေးကတ်ပြား ကိုင်ဆောင်သူ လိုက်နာရမည့် အချက်များ အသိပညာပေး ဟောပြော ဆွေးနွေးရာ တက်ရောက်လာသူများကလည်း  သိရှိလိုသည်များကို မေးမြန်းကြရာတွင် မြို့နယ် ဦးစီးမှူးက ပြန်လည် ဖြေကြားသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင် ( ဝက်လက်)