ဝက်လက် ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ မြို့မစည်ပင်သာယာစျေး အနောက်ဖက် တွင် ယနေ့ နံနက် ၆ နာရီ အချိန်မှစတင်၍ လူတစ်ဦးလျှင် စားဆီတစ်ပိဿာကို ၄၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရသည်။
ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းမှ စားဆီရောင်းဝယ်ရေး ကား ဖြင့် တစ်ဦးလျှင်ဆီတစ်ပိဿာကို ၄၅၅၀ ကျပ်နှုန်းတစ်ရက်လျှင် ဆီပိဿာ ၅၅၀ ကို သုံးရက် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဆီလာရောက် ဝယ်ယူသူ ဝက်လက်မြို့နယ် အမှတ် ၁ ရပ်ကွက်မှ အိမ်ရှင်မတစ်ဦးကလည်း ဆီတစ်ပိဿာကို ၄၅၅၀ နှုန်းဖြင့်သာရောင်းချ၍ လာရောက်ဝယ်ယူကြောင်း၊ ကျမတို့အနေဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားရသူများအတွက် ဝမ်းသာစရာတစ်ခုဖြစ်ကြောင်း အပြင်မှာဆိုရင် ပဲဆီ တစ်ပိဿာကို ၈၀၀၀ ကျပ်ရှိကြောင်း ၊ ယခုကျမ လာရောက်ဝယ်ယူ သည့် စားဆီမှာ ၆၂၀၀ ကျပ်ထိ ရှိပါကြောင်း အခုဒီမှာဆိုရင် ၄၅၅၀ ကျပ်ဖြင့်သာ ရောင်းချတော့ အခြားစျေးဖိုး သုံးစရာ အပိုထွက်ရှိလာ၍ လာရောက်ဝယ်ယူကြောင်း ပြောကြားသည်။
အဆိုပါ စားဆီများ စျေးနှုန်သက်သာစွာရောင်းချမှုကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ ဝက်လက်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ကြကြောင်းသိရသည်။
စိုးစိုးလှိုင် ( ဝက်လက်)