ပခုက္ကူ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်များမှ ပြည်သူများအား အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေးဘဏ်ခံ ဘက်စုံသုံး အဆောက်အဦး(Shelter)ခန်းမ၌ ယနေ့ နံနက်ပိုင်းက စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) အခမဲ့ကွင်းဆင်း ထိုးနှံပေး ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပြီးစီးသည့် ပခုက္ကူမြို့၊ အမှတ်(၃၊၁၁၊၁၃၊၁၄၊၁၅) ရပ်ကွက်များမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သီဟိုဠ်ရှင် စေတနာ (အခမဲ့)အရေးပေါ် လူနာတင်ယာဉ်ကူညီမှုအဖွဲ့ဝင်များနှင့် ဒေသခံစေတနာ့ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေရာချထားပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ ပါစပ်းနှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်စေခြင်း၊ မှတ်ပုံတင်စာရင်းများ မှန်ကန်စွာဖြည့်သွင်းပေးခြင်း၊ စနစ်တကျနေရာယူစေခြင်း လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပဉ္စမသုတ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးရာ အမျိုးသား(၁၅၇)ဦး၊ အမျိုးသမီး(၃၅၇)ဦး၊ စုစုပေါင်း(၅၁၄)ဦးတို့အား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)