ဘီးလင်း ဇန်နဝါရီ ၂၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ် အ-ထ-က (ကန်သာယာ)ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက ပြိုင်ပွဲများကျင်းပပြုလုပ် ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျပန်းစကား ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၇)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကိုလည်း နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထူးနောင် ဘီးလင်း