ဘိုကလေး ဇန်နဝါရီလ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသံတိတ်သပိတ်(Silent Strike) နှင့်ပတ်သက်၍ပြည်သူများ သိရှိ စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ယမန်နေ့ ညနေ(၆)နာရီအချိန်၌ မြို့နယ်တွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ကြကြောင်းသိရသည်။
အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသော CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ ၊လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း ၊ခြိမ်းခြောက်ခြင်းများ ကို လုမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့်ပြုလုပ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည် တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ရာဇသတ်ကြီးပုဒ်မ ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က ၊အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)