ချောင်းသာ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို သဲသောင်ပြင်ဘောလုံးအားကစားပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပြိုင်ပွဲကို ချောင်းသာကမ်းခြေတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြို့အဆင့်ဌာနဆိုင်ရာများ၊ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များဖြင့် အသင်း ၆သင်းဖွဲ့ကာ အသင်းပတ်လည်ကစားနည်းစနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သဲသောင်ပြင် ဘောလုံး အားကစားပြိုင်ပွဲ ယခုလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုအထိမ်းအမှတ်နေ့ တွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)