နတ်မောက်မြို့နယ်တွင် ကြက်အုပ်ခြင်းတောင်း ယက်လုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

နတ်မောက်   ဇန်နဝါရီ    ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကြက်အုပ်ခြင်းတောင်း ယက်လုပ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း မြို့မရပ်ကွက်နေ ဦးမင်းအောင်ထံမှ သိရသည်။

ကျွန်တော်တို့ရပ်ကွက်မှာဆိုလျှင် ဒီပွင့်လင်းရာသီမှာ ကြက်အုပ်ခြင်းတောင်း ယက်လုပ်ပြီး ရောင်းရတဲ့သူတွေများပါတယ် ကြက်အုပ်ခြင်းတောင်း ယက်လုပ်ပြီးသားတွေကို မြို့သစ်မြို့၊ တောင်တွင်းမြို့တွေကို အများဆုံးတင်ပို့ ရောင်းချရပါတယ်၊ ကြက်အုပ် ခြင်းတောင်း ယက်လုပ်ရာမှာ ကြက်သောင်းဝါးနှစ်လုံးလောက်ကုန်ပါတယ်၊ ကြက်သောင်းဝါး ကတော့ တစ်လုံးကို (၁၀၀၀)ကျပ်ပေးရပါတယ်၊ ကြက်အုပ်ခြင်း ရိုးရိုးအကြမ်း တစ်လုံးကို (၅၀၀၀)ကျပ်နှင့် အချောတစ်လုံးဆိုလျှင် (၈၀၀၀) ကျပ်ထိ ရောင်းရပါတယ်၊ ကျွန်တော်တစ်ယောက်ထဲနဲ့ တစ်နေ့ကို ကြက်အုပ်ခြင်း ()လုံးထိ ယက်လုပ်နိုင်ပါတယ်ဟုကြက်အုပ်ခြင်း ယက်လုပ် ရောင်းချသူ ဦးမင်းအောင် ကပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း